Main menu

ကျိုက်လတ်မြို့ ဆန်စက်နှင့် ဆန်/စပါးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး  ဖျာပုံခရို်င၊ ကျိုက်လတ်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ဆန်စက်လုပ်ငန်းရှင်များ အသင်းရုံးတွင် မတ်လ (၁၈) ရက်နေ့တွင် ဆန်စပါး လုပ်ငန်းရှင် များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် ဆန်စက်လုပ်ငန်းရှင်အသင်းဥက္ကဌ အပါအဝင်(၁၅) ဦး တက်ရောက်ခဲ့ပါသည်။ ဟောပြောပွဲတွင်  မြို့နယ်တာဝန်ခံမှ  စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်အတွက် တားမြစ် ချက်များ စားသုံးသူရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆောင်ရွက်နေသည့် ကိစ္စရပ်များ မိတ်ဘက်ဌာနများနှင့်ပူးပေါင်းပါဝင် ကူညီစီမံဆောင်ရွက်ကြသည့် ကိစ္စရပ်များအား ဟောပြော ခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မှု့နှင့် ကွင်းဆင်းစစ်ဆေးမှု့ အခြေအနေများ၊ ဓာတုဆေးဝါးများအကြောင်း ထုတ်လုပ်သူ လုပ်ငန်းရှင် များအနေဖြင့် မိမိတို့ထုတ်လုပ်သည့် ကုန်ပစ္စည်းများအား ထုတ်ကုန်လုံခြုံစိတ်ချမှု့ရှိစေရန်၊ စံချိန်စံညွန်း အရည်အသွေးမှီ ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် ထုတ်ပိုးမှုစနစ်၌ ပါဝင်ရမည့် အချက်များ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေပါစီမံခန့်ခွဲမှုနည်းလမ်းများနှင့် ပြစ်မှု့ ပြစ်ဒဏ်များအကြောင်း စားသုံးသူများ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် call center 1535 သို့ တိုင်ကြားနိုင်ကြောင်း စားသုံးသူများသာ မက လုပ်ငန်းရှင်များပါ စားသုံးသူ ကာကွယ်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ သိရှိလိုသည်များပြောကြားခဲ့ကြောင်း သတင်း ရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)