Main menu

ဒေးဒရဲမြို့မဈေးရှိ ကုန်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်တာဝန်ခံသည် မတ်လ (၁၉)ရက်နေ့တွင် ဒေးဒရဲမြို့ မြို့မဈေးရှိ ကုန်မျိုးစုံလုပ်ငန်းရှင် (၈) ဦးအား မြို့နယ်တာဝန်ခံ ရုံးတွင် အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် စာသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ဈေးကွက် အတွင်း ရောင်းချသော ကုန်စည်အမျိုးအစားပေါ်တွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချ ရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍  တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံ ဆောင်ရွက်ရေးစင်တာ (cicc) ရုံးခန်းများဖွင့်လှစ်ထားရှိမှု အခြေအနေတို့ကိုလည်းကောင်း၊ Consummer Call Center 1535 သို့ ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပါသည်။

DOCA(ဧရာဝတီ)