
ဖျာပုံမြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့တွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက ဦးဆောင်၍ စည်/ပင်၊ ရဲတပ်ဖွဲ့နှင့် စုံစမ်းစစ်ဆေးရေးဦးစီးဌာန တို့ ပူးပေါင်း၍ ဈေးကွက်အတွင်း ရောင်းချနေသော ကုန်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချ နေသော အမှတ်တံဆိပ်ပါ ဘူးဆီများတွင် ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာ သာဖြင့် ဖော်ပြမှုနှင့် FDA ထောက်ခံချက်နှင့် အခြားဝန်ကြီးဌာနတို့၏ ထောက်ခံချက်များ ရှိ/မရှိ အခြေအနေအား မတ်လ (၁၉)ရက် နေ့တွင် ကွင်းဆင်း စစ်ဆေးခဲ့ကြပါသည်။
အဆိုပါ အရောင်းဆိုင်များတွင် ရောင်းချနေသော Lotus၊ Meizan၊ Duck ဆီဘူးများအား စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း (၁၈) ပုဒ်မ (၄၁)(၄၃)နှင့် ကိုက်ညီမှုရှိကြောင်း တွေ့ရှိရပါသည်။ရောင်းချသော လုပ်ငန်းရှင်များအား ပြည့်စုံမှုမရှိသော ကုန်စည်များအား ရောင်းချမှု မရှိရန်၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိသည့် ကုန်စည်များကိုသာ ရောင်းချကြရန်နှင့် ညွန်ကြားချက်အမှတ် (၂/၂၀၁၉)အား ဖြန့်ဝေပြီး ဖြစ်ပါသဖြင့် ၎င်းအတိုင်း သက်မှတ်ချက်နှင့် အညီ ရောင်းချကြရန် အသိပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)