Main menu

ဖျာပုံခရိုင် ဘိုကလေးမြို့နယ်တွင် စားသုံသူကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ် ကျင်းပခြင်း

Powered by Drupal

          ဖျာပုံခရိုင် ဘိုကလေးမြို့နယ်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍  ၂၀၂၅ခုနှစ်၊ မတ်လ (၁၈)ရက် နံနက် (၁၁:၀၀)နာရီအချိန်တွင်  စားသုံးသူ ကာကွယ်ရေး  လုပ်ငန်းတာဝန် ဆောင်ရွက်ချက် များအကြောင်း Talk Show အစီအစဉ်  ပြန်ဆက်ဦးစီးဌာနဥရုံး၌ ပြုလုပ်ဆောင် ရွက်ခဲ့ပါသည်။

ထိုအစီအစဉ်တွင် စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဌာန အနေနှင့် စားသုံးသူအသိပညာပေး လုပ်ဆောင်မှုနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချမှု ရှိစေရေးနှင့် ကုန်စည်/ဝန်ဆောင်မှုများ ပတ်သက်၍ စာသုံးသူများ နစ်နာဆုံးရှုံးမှုများအတွက် လက်ခံဆောင်ရွက်ပေးကြောင်း နှင့် စားသုံးသူကာကွယ်ရေး အနေနှင့် လစဉ် မြို့နယ်များအလိုက် ကျောင်းများ ၊ လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ  ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာရှိ ပြည်သူများအား အသိပညာပေးခြင်းများနှင့် ဘိုကလေး မြို့အနေဖြင့် သက်မှတ်အကြိမ်ရေ အလိုက် ဆောင်ရွက်ပေးခဲ့ပါကြောင်း ကုန်စည်/ဝန်ဆောင်မှုကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးရှိပါက တိုင်ကြားနိုင်ကြောင်း၊  စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်အလိုက် စားသုံးသူသတင်း ပြန်ကြားရေးနှင့် လက်ခံဆောင်ရွက်ရေးစင်တာ(cicc)ရုံးခွဲများ ထားရှိပြီး လူကိုယ်တိုင်သော်လည်းကောင်း၊ ဆက်သွယ်ရေးနည်းလမ်းဖြင့် ဖြစ်စေ ၊ Call Center  1535 သို့ ဖြစ်စေ တိုင်ကြားနိုင်ကြောင်း၊ Face book page များမှ ဖြစ်စေ၊ www.doca. gov. mm (doca)တို့မှတစ်ဆင့် ဆက်သွယ်တိုင်ကြား နိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)