Main menu

ဘိုကလေးမြို့မဈေးတွင် အသင့်သောက်ကော်ဖီထုပ်များ ၏ဈေးနှုန်းဈေးကွက် အခြေအနေများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ မတ်လ (၁၈)ရက်နေ့ နံနက်(၁၃:၃၀)နာရီတွင်  ဘိုကလေးမြို့မဈေးရှိ ကုန်မျိုးစုံဆိုင်သို့ ဈေးရောက် ပြည်တွင်းထုတ် အသင့်သောက်ကော်ဖီထုပ်များ၏ ဈေးနှုန်းဈေးကွက် အခြေအနေ များအား သိရှိနိုင်ရန် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်း ပြည်တွင်းထုတ် အသင့်သောက် ကော်ဖီထုပ်များ၏ ဈေးနှုန်းတည်ငြိမ်မှု ရှိ/မရှိနှင့် ဈေးနှုန်းဈေးကွက် အခြေအနေများ မေးမြန်းခြင်းနှင့် အသင့်သောက်ကော်ဖီ မစ်ထုပ်များကို စားသုံးသူ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာ  သုံးစွဲနိုင်ရေး ၊ ဈေးကွက်အတွင်း ဖြစ်သင့် ဖြစ်ထိုက်သည့် ဈေးနှုန်းများနှင့် လွယ်ကူစွာ ဝယ်ယူရရှိနိုင်ရေးပစ္စည်းပျက်လက်မှုမရှိစေရေးနှင့် ကုန်ပစ္စည်းများ တွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံသော ကုန်စည်များကို ဖြန့်ဖြူးရောင်းချကြရန် အသိပညာပေးခြင်းအပေါ် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)