Main menu

ဘိုကလေးမြို့ (၁)ရပ်ကွက်ရှိ ကုန်မျိုးစုံ ရောင်းချသူ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး

Powered by Drupal

ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ မတ်လ (၁၉)ရက်နေ့ နေ့လည်(၁၃:၃၀)တွင် (၁)ရပ်ကွက်ရှိ ကုန်မျိုးစုံ ရောင်းချသူ လုပ်ငန်းရှင် (၉)ဦးတို့အား စားသုံးသူကာကွယ်ရေးဆို်ငရာ အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈) ပုဒ်မ (၄၁)(၄၃)အရ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်းနှင့် မြို့နယ်တာဝန်ခံက ဈေးကွက်မရောက်မီ  ကုန်စည်များ ဈေးကွက်အတွင်း ကုန်စည်များအား မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မတီ၏ ညွှန်ကြားချက်အရ ကုန်စည် အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသား စာသားဖြင့် ဖော်ပြခြင်းများ ပြည့်စုံလုံခြုံမှု ရှိ/မရှိ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ကွင်းဆင်း စစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း သက်မှတ်ချက်နှင့် အညီ ပြည့်စုံမှုမရှိသော ကုန်စည်များအား တားမြစ်ခြင်း သတိပေးခြင်းများ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအနေဖြင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ခွင့် ပြုထားသည့် အတိုင်း ဖော်ပြရမည်ဖြစ်ပါကြောင်း အသိပညာပေး ဆွေးနွေးခဲ့ခြင်းအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)