Main menu

ဘိုကလေးမြို့နယ်၊ မြို့မဈေးရှိ (စတိုးဆိုင်)များရှိ အလှကုန်ပစ္စည်းများတွင် ကုန်ညွှန်းအမှတ် အသား ဖော်ပြချက်များ ပါဝင်ခြင်း ရှိ/ မရှိ ကွင်းဆင်းစိစစ်

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ မတ်လ (၂၀)ရက်နေ့တွင် မြို့မဈေးရှိ စတိုးဆိုင်များသို့ အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြချက်များ ပါဝင်မှုရှိ/မရှိ ကွင်းဆင်း စိစစ်ခဲ့ကြပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များမှ Doaru မိတ်ကပ်ခြောက်၊ Camella မိတ်ကပ်ခြောက်၊ Fitme မိတ်ကပ်ရည်၊ Top Country  ပေါင်ဒါ အစရှိသည့် အလှကုန်ပစ္စည်းများတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ညွန်ကြားချက်အမှတ် (၂/၂၀၁၉)အရ သုံးစွဲပုံအညွန်း၊ ထားသိုသိမ်းဆည်းပုံအညွှန်းနှင့် ဓာတ်မတည့်ကြောင်း ဖော်ပြချက်၊ ကြိတင်သတိပေးချက်များပါရှိကြောင်း  စစ်ဆေးတွေ့ရှိ ရသည်။ ထို့နောက် တရားမဝင်ကုန်စည်များ ဝယ်ယူတင်သွင်း ရောင်းချခြင်း မပြုရန်နှင့် ဈေးနှုန်း၊ ဈေးကွက် အခြေအနေများကို မေးမြန်းစုံစမ်းဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ဧရာဝတီ)