
ဧရာဝတီတိုင်းဒေသကြီး ၊ ဒေဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် မတ်လ (၁၇)ရက်နေ့ တွင် ဒေးဒရဲမြို့ ထောင်မှူးချောင်ကျေးရွာရှိ အောင်ကျော်ဈာဉ်ဆန်စက်သို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့်MSME လုပ်ငန်းဖွံ့ ဖြိုးတိုးတက်ရေး ကွင်းဆင်း စစ်ဆေးခဲ့ကြပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်စက်ထုတ်လုပ်မှုနှင့် ပတ်သက်၍ ဆန်စပါး အရည်အသွေး ပြည့်မီစေရေး ၊ အချိန်အတွယ် များ ပြည့်မီ မှန်ကန်မှု ရှိ/မရှိ၊ ဆန်စပါး ဈေးနှုန်းဈေးကွက် အခြေအနေများ တည်ငြိမ်မှု ရှိ/မရှိ၊ ပုဂ္ဂလိက် ကဏ္ဍနှင့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး စက်ကိရိယာနှင့် ပတ်သက်၍ နည်းစနစ်များ တပ်ဆင်မှုများ ခေတ်မီဖွံ့ဖြိုးတိုးတက်မှသာ ထုတ်ကုန်များ ပိုမို ထုတ်လုပ်နိုင်ခြင်း၊ ထုတ်ကုန်များ ပိုမို ထုတ်လုပ်နိုင်မှသာ အလုပ်သမား မိသားစုများအတွက် စားဝတ်နေရေးပြေလည်နိုင်စေခြင်း၊ စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်နိုင်ခြင်းရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)