Main menu

ဖျာပုံမြို့နယ် ဆန်/စပါး လုပ်ငန်းရှင် အသင်းနှင့်တွေ့ဆုံဆွေးနွေးဆောင်ရွက်

Powered by Drupal

          ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည်  ၂၀၂၅ ခုနှစ်၊ မတ်လ(၁၉) ရက်နေ့တွင် ဆန်/စပါး အသင်းရုံး၌ ဆန်/စပါးလုပ်ငန်းရှင် (့၃၀)ဦးအား တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါတွေ့ဆုံဆွေးနွေးရာတွင် ဆန်/စပါး လုပ်ငန်းရှင်များအား လက်ရှိဖြစ်ပေါ်နေသော ဆန်ဈေးနှုန်း၊ဈေးကွက် အခြေအနေ တည်ငြိမ်မှုရှိ/မရှိ၊ ဒေသတွင်း ဆန်သိုလှောင်ရုံများတွင် ဆန်ဖူလုံမှု ရှိ/မရှိ နှင့် လည်ပတ်လျက် ရှိသော ဆန်စက်များတွင် ကြိတ်ခွဲထုတ်လုပ်နေမှုများ၊ စပါးခွံ အစားထိုးလောင်စာတောင့်များ ထုတ်လုပ်နိုင်မှုအခြေအနေနှင့် အခြားဒေသများသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့မှု အခြေအနေများ အား ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)