Main menu

ဖျာပုံမြို့ (၇)ရပ်ကွက်ရှိ ရပ်ကွက်နေပြည်သူများအား အသိပညာပေးဟောပြော

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမင်းဇော် ၂၀၂၅ခုနှစ်၊ မတ်လ (၂၁) ရက်နေ့တွင် (၇)ရပ်ကွက်ရုံး၌ (၇)ရပ်ကွက်ရှိ ရပ်ကွက်နေပြည်သူများအား အသိပညာပေးဟောပြောခဲ့ပါသည်။

          အဆိုပါ အသိပညာပေးဟောပြောပွဲ စားသုံးသူများအား ကုန်အညွှန်းအမှတ်အသားကို ကြည့်၍ ရွေးချယ်စားသောက်ကြရန်၊ စားသုံးရန်မသင့်သော အစားအစာများအကြောင်း၊ ဘေးအန္တရာယ်ရှိသော ဓာတုဆိုးဆေးများအကြောင်း၊ ကုန်စည်(သို့) ဝန်ဆောင်မှုနှင့် ပက်သက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို ရှင်းလင်းပြောကြား ခဲ့ပါသည်။ စားသုံးသူများ ကုန်စည်(သို့) ဝန်ဆောင်မှု ကြောင့် နစ်နာဆုံးရှုံး မှုများ ဖြစ်ပေါ်လာပါက Call Centre 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းမုန့်ဈေးတန်းသို့ သွားရောက်၍ စားသုံးရန် မသင့်သော အစားအစာများ ရောင်းချနေခြင်း ရှိ/မရှိ ကိုလည်း စစ်ဆေးခဲ့ကြကြောင်း သတင်း ရရှိပါသည်။

DOCA(ဧရာဝတီ)

a