
စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် စည်ပင်၊ ရဲတပ်ဖွဲ့နှင့် စုံစမ်းစစ်ဆေးရေးဌာန (စစစ)တို့နှင့် ပူးပေါင်း၍ မတ်လ (၁၉)ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် မြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်များသို့ အမှတ်တံဆိပ်ပါ ဘူးဆီများတွင် FDA ထောက်ခံချက် နှင့် မြန်မာဘာသာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။
အဆိုပါ ဈေးကွက်အတွင်းရှိ အရောင်းဆိုင်များတွင် Lotus နှင့် meizan ၊ Dusk ဆီဘူးများအား ကုန်အညွှန်းအမှတ်အသား ကိုက်ညီမှု့ ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၊ ကုန်အညွှန်းအမှတ်အသား ကိုက်ညီမှုရှိကြောင်း တွေ့ရှိရသဖြင့် လုပ်ငန်းရှင်များအား ပြည့်စုံမှု မရှိသော ကုန်စည်များ၊ မြန်မာ့ဘာသာဖြင့်ဖော်ပြထားခြင်း မရှိသော ကုန်စည်များအား ထုတ်ကုန် လုံခြုံစိတ်ချမှု့ မရှိသဖြင့် မရောင်းချရန် အသိပညာပေးဆောင်ရွက်ခဲ့ပြီး ညွန်ကြားချက်အမှတ် (၂/၂၀၁၉) ပါအတိုင်း သက်မှတ်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရန် ပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။
DOCA(ဧရာဝတီ)