Main menu

ပြည်ခရိုင်အတွင်း ရွှေတောင်၊ ပြည်၊ ပန်းတောင်းမြို့နယ်များရှိ စားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှုအရ ဈေးကွက်များတွင် ရောင်းချနေသော စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ ပြည်ခရိုင်၊ ပြည်မြို့နယ်မှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဇွန်လ (၉)ရက်နေ့၌ ပြည်မြို့ပေါ်ရှိ စားသုံးဆီရောင်းချသည့် ဆိုင်များသို့လည်းကောင်း၊ ရွှေတောင်မြို့နယ်မှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဇွန်လ (၁၄) ရက်နေ့၌ မြို့မစည်ပင်သာယာဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များသို့လည်းကောင်း၊ ပန်းတောင်းမြို့နယ်မှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဇွန်လ (၁၄)ရက်နေ့၌ ဆင်တဲစည်ပင်သာယာဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များသို့လည်းကောင်း အသီးသီးသွားရောက်၍ ဈေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီဘူးများပေါ်တွင် ရေးသားဖေါ်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ယင်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ရာတွင် ဈေးဆိုင်ပိုင်ရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်မှုမရှိသော စားသုံးဆီများအား ဈေးကွက်အတွင်း ဝယ်ယူရောင်းချခြင်းများ မပြုလုပ်ကြရန် အသိပေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခြင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)