
ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စုံစမ်းစစ်ဆေးရေး အဖွဲ့နှင့် စည်ပင်သာယာရေး အဖွဲ့သားများ ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ မတ်လ (၁၉)ရက်နေ့တွင် ဘူးဆီများ ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့မဈေးတွင်းရှိ စားသုံးဆီအရောင်းဆိုင်များ သက်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချခြင်း ရှိ/မရှိ၊ ဆို်ငးဘုတ်တင် တပ်ဆင်ထားမှုနှင့် FDA ထောက်ခံချက် ဖော်ပြထားခြင်း ရှိ/မရှိတို့ကို စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်ပစ္စည်းအမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မဖြစ် အနေ သိသာထင်ရှားစွာ ဖော်ပြရမည် သက်မှတ်ချက်များတွင် ကုန်စည်၏ တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှု အမှတ်စဉ်၊ ထုတ်လုပ်သည့် နေရာ၊ ပါဝင်ပစ္စည်း အမျိုးအမည်များနှင့် ပစ္စည်းများ၏ ပါဝင်မှု အချိုးအစား၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ နှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းလေ့လာ စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
DOCA(ဧရာဝတီ)