
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် မတ်လ (၁၉)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းသည် Talk Show အစီအစဉ် ပြုလုပ်ခဲ့ပါသည်။
ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် စားသုံးသူများအနေဖြင့် အစားအသောက်နှင့် ပတ်သက်၍ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကိုရွေးချယ်ဝယ်ယူစားသောက်စေရန်၊ကုန်စည်ထုတ်ပိုးရာဝယ် အထပ်ထပ် ထုတ်ပိုးမှုကို ရှောင်ရှားရန်၊ စီးပွားရေးကျင့်ဝတ်နှင့်အညီ ထုတ်လုပ်ထားတဲ့ ကုန်စည်ကိုသာဝယ်ယူအသုံးပြုစေရန်၊ အစားအသောက်များ စားသောက်ရာဝယ် မလိုအပ်သော မလိုအပ်သော စွန့်ပစ်ပစ္စည်းနည်းပါးအောင်စီမံဆောင်ရွက်စေရန် စားသုံးသူတွေကို အသိပညာပေးလျက်ရှိပါကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)