Main menu

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် (၄)ရပ်ကွက်နှင့်(၆)ရပ်ကွက်တွင် ရောင်းချနေသော အသင့်သောက် ကော်ဖီထုပ်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၈.၃.၂၀၂၅) ရက်နေ့ နေ့လည် (၁:၃၀)နာရီအချိန်တွင် လပွတ္တာမြို့နယ် (၄)ရပ်ကွက်နှင့်(၆)ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များ တွင်ရောင်းချနေသောအသင့်သောက်ကော်ဖီထုပ်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။  

ထို့သို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ လပွတ္တာမြို့နယ် (၄)ရပ်ကွက် နှင့် (၆)ရပ်ကွက်တို့ရှိ ကုန်မျိုးစုံရောင်းချနေသောဦးမျိုးမြင့်နှင့်အောင်ပြည့်စုံတို့၏ ဆိုင်များတွင်      Sunday, Premier, Super, Platinum, Happy စသည့်အသင့်သောက်ကော်ဖီထုပ် များအားစားသုံးပြည်သူများအပေါ် ဈေးနှုန်းမြင့်တင်ရောင်းချခြင်းမပြုကြရန်၊ သတ်မှတ်ဈေးနှုန်း ဖြင့်သာရောင်းချကြရန်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရောင်းချကြရန်ကုန်မျိုးစုံဆိုင်ပိုင်ရှင်များအား အသိပေးစစ်ဆေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA(ဧရာဝတီ)