Main menu

ပြည်ခရိုင်၊ ရွှေတောင်နှင့် သဲကုန်းမြို့နယ်များရှိ ကျေးရွာအုပ်စုများတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေး

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများမှ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖေါ်ပြမှုရှိသည့် ကုန်စည်များကို ရွေးချယ်ဝယ်ယူသုံးစွဲနိုင်ရေး၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေရေးတို့အတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ဇွန်လ (၉)ရက်နေ့၌ ပေါင်းချုပ်အုပ်စု၊ အင်္ဂူကျေးရွာ၊ ဇွန်လ (၁၀)ရက်နေ့၌ ထန်းကုန်းအုပ်စု၊ မအူတိုင်းကျေးရွာ၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ဇွန်လ (၁၀)ရက်နေ့၌ လောင့်ကြီးအုပ်စု၊ လောင့်ကြီးရွာ၊ ဇွန်လ (၁၃)ရက်နေ့၌ အုပ်စွဲအုပ်စု၊ အုပ်စွဲရွာစသည်တို့တွင် သက်ဆိုင်ရာမြို့နယ်တာဝန်ခံတို့မှ မြို့နယ်ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် သက်ဆိုင်ရာမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေး ဉပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်နှင့် တားမြစ်ချက်များ၊ ကုန်စည်ထုတ်လုပ်ရာတွင် သိသာထင်ရှားစွာ ဖေါ်ပြရမည့် ကုန်အညွှန်းအမှတ် အသားဖေါ်ပြခြင်းဆိုင်ရာအချက်များ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များ၊ နည်းလမ်းများ၊ ဖုန်းနံပါတ်နှင့်လိပ်စာ၊ ဉပဒေအရချမှတ်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များစသည့် အကြောင်းအရာတို့အား အသိပညာပေး ပြောကြားခဲ့ပြီး ကျေးရွာနေပြည်သူ (၁၉၃)ဦး တက်ရောက်ခဲ့ကာ စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)