Main menu

တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်များမှဆီလုပ်ငန်းရှင်များအား Zoom Meeting ဖြင့် နေပြည်တော်ရုံးချုပ်မှတာဝန်ရှိသူများ အစည်းအဝေးပွဲပြုလုပ်

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မြောင်းမြမြို့နယ်တွင် ခရိုင်ဦးစီးမှူးနှင့်ဆီကိုယ်စားလှယ်များသည် (၂၀.၃.၂၀၂၅)ရက်နေ့ နေ့လည်(၁.၃၀)နာရီအချိန်တွင် တိုင်းဒေသကြီးဦးစီးမှူးနှင့်နေပြည်တော်ရုံးချုပ်မှအကြီးအကဲများနှင့် Zoom Meeting ဖြင့်   စားအုန်းဆီသယ်ယူရေးကိစ္စညှိနှိုင်းအစည်းအဝေးပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ညှိနှိုင်းဆောင်ရွက်ရာတွင် တော်ဝင်ဧကရာဇ်ကုမ္ပဏီကတာဝန်ရှိသူမှ စားအုန်းဆီ   သယ်ယူမှုနှင့်ပတ်သက်၍ရှင်းလင်းဆွေးနွေးပြီး ဆီကိုယ်စားလှယ်များအားလိုအပ်သည်များကိုပြော ကြား၍မြောင်းမြခရိုင်ဦးစီးမှူးမှ ဆီချနေရာတိုးမြင့်ပေးရေးဆွေးနွေးတင်ပြခဲ့ပါသည်။ ခရိုင်များမှ လည်းမိမိတို့ခရိုင်များ၏အခက်အခဲများကိုတင်ပြကြရာတွင် ဆီပေပါ (အပြာ) များမှားယွင်းလာမှု အပေါ်အဆင်ပြေစွာညှိနှိုင်းဆောင်ရွက်နိုင်ရေး ဆီပေပါ (အဝါ) များကိုသာအသုံးပြုကြရန် ဆီပေပါ မှားယွင်းလာသောခရိုင်များမှလည်း နောင်များတွင်လည်းပြင်ဆင်နိုင်ရန် တော်ဝင်ဧကရာဇ်ကုမ္ပဏီ အားပြောကြားခဲ့ပြီး ပေပါအပေါက်အပြဲများပါဝင်လာလျှင်ဆီအလေးချိန်လျော့ကြောင်း၊ ဆီကားများ ရောက်ချိန်နောက်ကျကြောင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ တော်ဝင်ဧကရာဇ်ကုမ္ပဏီမှတာဝန် ရှိသူကလည်း ဆီကိုယ်စားလှယ်များအား ဆီပေပါများအားသန့်ရှင်းရေးပြုလုပ်ပေးရန်နှင့်ဆေးသုတ် ရန်လိုအပ်သည်များကိုဆွေးနွေးခဲ့ကြပါသည်။

DOCA(ဧရာဝတီ)