Main menu

မြင်းခြံခရိုင်တွင် Talk Showအစီအစဉ် ဆောင်ရွက်ခြင်း

Powered by Drupal

မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဝင်းထွန်းဦး(ဦးစီးမှူး)သည် မြင်းခြံခရိုင်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၁-၃-၂၀၂၅ ရက်နေ့၊ နေ့လည်(၁၄:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများ အသိပညာပေးဆွေးနွေးပွဲ ခေါင်းစဉ်ဖြင့် Talk Showအစီအစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အသိပညာပေး ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၏ ရည်ရွယ်ချက်များ အနေဖြင့် ဥပဒေပါစားသုံးသူအခွင့်အရေး(၈)ချက်ကို စားသုံးသူများ ပြည့်ပြည့်ဝဝရရှိနိုင်စေရန်၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်အသိပညာပေးနိုင်စေရန်၊ တိကျမှန်ကန် တဲ့ သတင်းအချက်အလက်များ အများပြည်သူထံသို့ ဖြန့်ဝေပေးနိုင်စေရန်၊ အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ထုတ်လုပ်ဖော်ဆောင်နိုင်စေရန်၊ လုပ်ငန်း ရှင်များအနေဖြင့် မိမိတို့ထုတ်ကုန်များအပေါ် ဥပဒေပါပြဌာန်းချက်များနှင့်အညီ ထုတ်လုပ်နိုင်စေရန်၊ စားသုံးသူကာကွယ်ရေးအသင်းအဖွဲ့များ ဖွဲ့စည်းနိုင်ရေးနှင့်ထိန်းကျောင်းပံ့ပိုးကူညီပေးနိုင်စေရန်၊ ဘေးအန္တရာယ်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာ ပါက အရေးယူဆောင်ရွက်ပေးနိုင်စေရန်နှင့် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုများ လက်ခံဆောင်ရွက်ရေးစင်တာ(CICC)၏ အခန်းကဏ္ဍများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)