
၂၀၂၅ ခုနှစ်၊ မတ်လ(၂၂) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် ကမာရွတ်မြို့နယ်ရှိ တော်ဝင်သိင်္ခ ကျောက်မျက် ရတနာဆိုင်သို့ သွားရောက်၍ Online လုပ်ငန်းများအား မြေပြင်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက် ရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အချက်(၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီး ကုန်စည်ဝန်ဆောင်မှု ဥပဒေအဖြစ်သတ်မှတ်ထား သည့်အတွက် အခြားလိုအပ်ချက် အချက်အလက်များအား အသိပညာပေး ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)