Main menu

သန်လျင်မြို့နယ်ရှိကိတ်မျိုးစုံရောင်းချသည့်ဆိုင်သို့ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်း ရှိ/မရှိဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

ကော့မှူးမြို့နယ် ၊ မတ်  (၂၄) ရက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် မြို့မဈေးအပြင်ရှိ ကိတ်မျိုးစုံ ရောင်း ချသည့်ဆိုင်သို့ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက် မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း (Pre Market Sur Vellance) အား (၂၀၂၅)ခုနှစ် မတ်လ(၂၂)ရက်နေ့၊ နေ့လည်(၁၁:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန နှင့် စည်ပင်သာယာ ရေးအဖွဲ့မှ ဝန်ထမ်းများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့မဈေးအပြင်ရှိ ကိတ်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ကိတ်မျိုးစုံအား ရောင်းချရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ  သုံးစွဲနိုင်ရေး အတွက်  ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြရန်နှင့် ဈေးကွက်အတွင်း ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိပါက စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် အသိပညာပေး ကွင်းဆင်းစစ် ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(ရန်ကုန်)