Main menu

“ တွံတေးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပခြင်း ”

Powered by Drupal

တွံတေးမြို့နယ် ၊ မတ်  (၂၄) ရက်

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို မတ်လ (၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

          အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုဦးစီး ဒေါ်ဖြူဖြူဝင်းမှ လူငယ်များအနေဖြင့် အနာဂတ်သာယာလှစေရေးနှင့် တိုင်းပြည်အတွက် အကျိုး ဆောင်ရွက်နိုင်ရန်၊ ပညာရဲရင့်ပွဲလယ်တင့်စေရန်တို့အတွက် စာအုပ်စာပေကောင်းများ ဖတ်ရှု့နိုင် ရေးအတွက် နွေရာသီကလေးသူငယ် စာဖတ်ဝိုင်းကျင်းပရခြင်းဖြစ်ကြောင်းဟောပြောခဲ့ပြီး စားသုံးသူ ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှလည်း စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် နစ်နာဆုံးရှုံးမှုများ မရှိစေရေးအတွက် ကုန်ပစ္စည်းနှင့် ဝန်ဆောင် မှုများ ဝယ်သုံးစွဲခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ ကုန်ပစ္စည်းတစ်ခုချင်းစီ၌ ဖော်ပြ ပါရှိသည့် ကုန်အညွှန်းအမှတ်အသားများအား သေချာဖတ်ရှု့ ဝယ်ယူသုံးစွဲပါရန်နှင့် စားသုံး သူများနစ်နာဆုံးရှုံးမှုများ ရှိလာပါက တိုင်ကြားနိုင်မည့် နည်းလမ်းများ စသည့်တို့ကို စားသုံးသူ ကာကွယ်ရေးအသိပညာပေး ဆွေးနွေးပြောကြားခဲ့ ကြောင်း သိရသည်။

DOCA(ရန်ကုန်)