Main menu

ကလေးကစားစရာအရုပ်များတွင် ကုန်အညွှန်း အမှတ်အသားများပါဝင်မှုရှိ/မရှိ စစ်ဆေးခြင်း

Powered by Drupal

ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် ၂၀၂၅ ခုနှစ် မတ်လ (၂၁) ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် ရန်ကင်းမြို့နယ်၊ ရန် ကင်း City Mark ရှိ တာဝန်ခံများနှင့် တွေ့ဆုံ၍ City Mark အတွင်း ရောင်းချလျှက်ရှိသော ကလေး ကစားစရာအရုပ်များတွင်  ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထား ခြင်း ရှိ/ မရှိ အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကလေးကစားစရာအရုပ်များတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြရမည့် အချက်များအား မြန်မာဘာသာဖြင့်ဖော်ပြထားသည်ကို စစ်ဆေး တွေ့ရှိရပြီး ကလေးကစားစရာအရုပ်များတွင်  ဘေးအန္တရာယ်ကင်းရှင်းစေရန် ကြိုတင်သတိပေး ချက်များကို မဖြစ်မနေရေးသားဖော်ပြရမှာဖြစ်ကြောင်းနှင့် ကလေးများထိခိုက်မှုမရှိစေရန်အတွက် ယခုလို ဈေးကွက်စောင့်ကြည့်စစ်ဆေးရခြင်းဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)