Main menu

ဒလမြို့နယ်ရှိ စားအုန်းဆီ လက်လီ/လက်ကား အရောင်းဆိုင်များသို့ ရှောင်တခင်ကွင်းဆင်းစိစစ်ကြပ်မတ်စစ်ဆေးခြင်း

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်ရှိ စားအုန်းဆီလက်လီ/လက်ကား အရောင်းကိုယ်စားလှယ်ဆိုင်သို့ မတ်လ ၂၃ ရက်နေ့ နေ့လယ် ၁နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ စားအုန်းဆီ ကိုယ်စားလှယ် များအနေဖြင့် စားသုံးသူပြည်သူများထံသို့ လက်လီလက်ကားဖြန့်ဖြူး ရောင်းချနေမှု အခြေအနေ အား ရှောင်တခင်ကွင်းဆင်းစိစစ်ကြပ်မတ်စစ်ဆေးခဲ့ကြောင်းသိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် သန်လျင်ခရိုင်၊ စားသုံးသူရေးရာ ဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စစ်ဆေးရေးမှူး၊ စားသုံးသူရေးရာ ဦးစီးဌာန ဒလမြို့နယ်တာဝန်ခံတို့ ပူးပေါင်း၍ စားအုန်းဆီကိုယ်စားလှယ်ရရှိသော ဒလမြို့နယ်ရှိ ဦးကျော်ဇင်ထူး၏ စားအုန်းဆီ ဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးဆိုင်သို့ သွားရောက ်တွေ့ဆုံခဲ့ပြီး မိမိအနေဖြင့် စားအုန်းဆီ ခွဲတမ်းရရှိနေသည့် ကုမ္ပဏီအမည်၊ ခွဲတမ်းရရှိသည့် ပေပါအရေအတွက်၊ တစ်ရက်ဖြန့်ဖြူးရောင်းချနေသည့် စားအုန်းဆီပေပါ၊ ပိဿာနှင့် ပြည်သူများထံသို့ ပြန်လည်ရောင်းချပေးနေသည့် နှုန်းထားခွဲတမ်းပုံစံများနှင့် လက်လီ/ လက်ကားဈေးနှုန်းများစာရင်းကောက်ယူခဲ့ပြီး စားအုန်းဆီကိုယ်စားလှယ်အနေဖြင့် တစ်ရက် ထုတ်ယူရရှိသည့် ပေပါနှင့် တစ်ရက်ပြန်လည်ဖြန့်ဖြူးရောင်းချနေသည့် ပေပါစာရင်း ကိုက်ညီမှု ရှိ/မရှိနှင့် စားအုန်းဆီဈေးနှုန်းတည်ငြိမ်မှုရှိစေရန်အတွက် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ သတ်မှတ်ထားသည့် အခြေခံရည်ညွှန်းဈေးအပေါ် နှစ်ရာခိုင်နှုန်း ထက်ပိုသော ဈေးနှုန်းဖြင့် ပြန်လည်ရောင်းချဖြန့်ဖြူးခြင်းများ မပြုလုပ်ကြရန် စားသုံးသူ ကာကွယ်ရေးအသိပညာပေးပြောကြားခဲ့ပြီး ရှောင်တခင်ကွင်းဆင်းစိစစ်ကြပ်မတ် စစ်ဆေးခဲ့ ကြောင်းသိရသည်။

DOCA(ရန်ကုန်)