Main menu

တွံတေးမြို့နယ်ရှိ စားအုန်းဆီ လက်လီ/လက်ကား အရောင်းဆိုင်များသို့ ရှောင်တခင်ကွင်းဆင်းစိစစ်ကြပ်မတ်စစ်ဆေးခြင်း

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ရှိ စားအုန်းဆီလက်လီ/လက်ကား အရောင်းကိုယ်စားလှယ်ဆိုင်သို့ မတ်လ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်တွင် စားသုံးသူ ရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ စားအုန်းဆီကိုယ်စားလှယ် များအနေဖြင့် စားသုံးသူပြည်သူများထံသို့ လက်လီလက်ကားဖြန့်ဖြူး ရောင်းချနေမှု အခြေအနေ အား ရှောင်တခင်ကွင်းဆင်းစိစစ်ကြပ်မတ်စစ်ဆေးခဲ့ကြောင်းသိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန တွံတေးမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများနှင့် စားအုန်းဆီဖြန့်ဖြူးရောင်းချလျက်ရှိသော ဦးစိန်လင်း၏ အရောင်းဆိုင်နေရာသို့ သွားရောက် တွေ့ဆုံခဲ့ပြီး မိမိအနေဖြင့် စားအုန်းဆီ ခွဲတမ်းရရှိနေသည့် ကုမ္ပဏီအမည်၊ ခွဲတမ်းရရှိသည့် ပေပါအရေအတွက်၊ တစ်ရက်ဖြန့်ဖြူး ရောင်းချနေသည့် စားအုန်းဆီပေပါ၊ ပိဿာနှင့် ပြည်သူများထံသို့ ပြန်လည်ရောင်းချပေးနေသည့် နှုန်းထားခွဲတမ်းပုံစံများနှင့် လက်လီ/ လက်ကားဈေးနှုန်းများစာရင်းကောက်ယူခဲ့ပြီး စားအုန်းဆီ ကိုယ်စားလှယ်အနေဖြင့် တစ်ရက် ထုတ်ယူရရှိသည့် ပေပါနှင့် တစ်ရက်ပြန်လည်ဖြန့်ဖြူး ရောင်းချနေသည့် ပေပါစာရင်း ကိုက်ညီမှု ရှိ/မရှိနှင့် စားအုန်းဆီဈေးနှုန်း တည်ငြိမ်မှုရှိစေရန် အတွက် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ သတ်မှတ်ထားသည့် အခြေခံရည်ညွှန်းဈေးအပေါ် နှစ်ရာခိုင်နှုန်း ထက်ပိုသော ဈေးနှုန်းဖြင့် ပြန်လည် ရောင်းချ ဖြန့်ဖြူးခြင်းများ မပြုလုပ်ကြရန် စားသုံးသူ ကာကွယ်ရေးအသိပညာပေးပြောကြားခဲ့ပြီး ရှောင်တခင်ကွင်းဆင်းစိစစ်ကြပ်မတ် စစ်ဆေးခဲ့ ကြောင်းသိရသည်။

DOCA(ရန်ကုန်)