Main menu

ခရမ်းမြို့နယ်တွင် ဆောင်းသီးနှံ ပဲတီစိမ်းစိုက်ဧကများ ရာနှုန်းပြည့်ခူးဆွတ်ပြီးစီး

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် စိုက်ပျိုးခဲ့သော ပဲတီစိမ်းများ ယခုမတ်လအတွင်း ရာနှုန်းပြည့် ခူးဆွတ်ခဲ့ကြောင်းသိရသည်။

          ခရမ်းမြို့နယ်တွင် မိုးစပါးများ ရိတ်သိမ်းပြီးပါက စီးပွားရေးအရ အကျိုးရှိပြီး ပြည်ပဈေးကွက်ဝယ်လိုအားရှိသည့် ပဲတီစိမ်းသီးနှံများအား တောင်သူများ ဝင်ငွေတိုးပွားစေရန် နှင့် နိုင်ငံတော်၏ နိုင်ငံခြားဝင်ငွေ ရရှိစေရန်အတွက် နှစ်စဉ် စိုက်ပျိုးခဲ့ရာ ယခုနှစ်တွင် ပဲတီစိမ်း စိုက်ပျိုးဧက (၁၀၄၄၉၄)ဧက စိုက်ပျိုးခဲ့ပြီး သီးနှံပေါ်ချိန် ဖေဖော်ဝါရီလမှစတင်ခူးဆွတ်ခဲ့ရာ ယခုမတ်လတွင် စိုက်ပျိုးဧက (၁၀၄၄၉၄)ဧက အားလုံး ရာနှုန်းပြည့်ခူးဆွတ်နိုင်ခဲ့ပြီး (၁)ဧကလျှင် ပျမ်းမျှ (၁၆)တင်းနှုန်းခန့်ထွက်ရှိ၍ အထွက်တင်း စုစုပေါင်း (၁၇၄၁၉၁၅)တင်းထွက်ရှိခဲ့ပြီး ပဲတီစိမ်း (၁)တင်းလျှင် (၁၁၅၀၀၀/-) ဖြင့် ပဲအဝယ်ဒိုင်များမှ ဝယ်ယူလျက်ရှိသည်။ ယခုနှစ်တွင် ပဲတီစိမ်း (၁)ဧကစိုက်ပျိုးကုန်ကျစရိတ်မှာ မြေပြုပြင်ခြင်း၊ မျိုးစေ့စရိတ်၊ ဓါတ်မြေဩဇာ သွင်းအားစုထည့်သွင်းစရိတ်၊ လုပ်သားခ၊ ပိုးသတ်ဆေး၊ အသီးအားဆေးများ အပါစုစုပေါင်း (၉၅၀၀၀၀/-)ကျပ်ခန့် ကုန်ကျစရိတ်ရှိပြီး တောင်သူအကျိုးအမြတ်မှာ (၈၅၀၀၀၀/-)ကျပ်ခန့် အမြတ်ရရှိခြင်းကြောင့် တောင်သူများဝင်ငွေတိုးပွား၍ တွက်ခြေကိုက်သော သီးနှံဖြစ်ခြင်း ကြောင့် နှစ်စဉ်ပဲတီစိမ်းအား အလေးထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

DOCA(ရန်ကုန်)