Main menu

ခရမ်းမြို့နယ်ရှိ ဆီစက်များတွင် မြေပဲဆီများ ကြိတ်ခွဲထုတ်လုပ်

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် တွင် ပြည်တွင်းစားသုံးဆီ ဖူလုံမှုရှိစေရေး တောင်သူများဝင်ငွေတိုးပွားစေရန်အတွက် စိုက်ပျိုးထားသော ဆောင်းသီးနှံ မြေပဲသီးနှံများ မတ်လ၏ ပထမပတ်တွင် စတင်ထွက်ပေါ်လာပြီဖြစ်၍ မြို့နယ်အတွင်းရှိ ဆီကြိတ်ခွဲထုတ်လုပ်သော ဆီစက်များတွင် တောင်သူများ၏ မြေပဲများအား မြေပဲဆီများ စတင်ကြိတ်ခွဲထုတ်လုပ်နေကြောင်း သိရသည်။

          ခရမ်းမြို့နယ်အတွင်းရှိ အောင်ရတနာ ဆီစက်၊ သောင်လုံးကျော်ဆီစက်၊ စမ်းမြမြဆီစက် နှင့် ရတနာအောင်ဆီစက်များသည် တောင်သူများ၏ မြေပဲများအား မတ်လ ပထမပတ်မှစတင်၍ ကြိတ်ခွဲပေးလျက်ရှိရာ မြေပဲဆီစုစုပေါင်း ပိဿာချိန် ၂၀၀၀၀ ခန့် ကြိတ်ခွဲထုတ်လုပ်ပြီးဖြစ်၍ နဝလီစက်ကြိတ်ခမှာ ဆီ(၁)ပိဿာလျှင် (၁၈၀၀)ခန့်ရှိကြောင်းသိရပြီး ကြိတ်ခွဲထွက်ရှိသော မြေပဲဆီများအား တောင်သူများမှ ဝမ်းစာအဖြစ်ထားရှိရန်နှင့် နီးစပ်ရာစားသုံးမည့်သူများအား ပြန်လည်ရောင်းချရန် ဖြစ်၍ ကြိတ်ခွဲထွက်ရှိလာသော ကုန်ကြမ်းပဲဖတ်များအား ပြန်လည် ရောင်းချလျက်ရှိပြီး ပဲဖတ်(၁)ပိဿာလျှင် (၅၃၀၀)ဈေးဖြင့် ဆီစက်မှ ပြန်လည် ဝယ်ယူကြောင်း သိရသည်။

DOCA(ရန်ကုန်)