Main menu

တနင်္သာရီတိုင်းဒေသကြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများထိန်းသိမ်း ကြီးကြပ်ရေးဆပ်ကော်မတီအစည်းအဝေး (၁/၂၀၂၅) တက်ရောက်ခြင်း

Powered by Drupal

၂၀၂၅ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့၊ နေ့လည် (၁၄း၀၀) အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ(၂) တွင် တနင်္သာရီတိုင်းဒေသကြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေး ရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကော်မတီအတွင်း ရေးမှူးမှ ဆွေးနွေးတင်ပြခြင်း၊ တက်‌ရောက်လာကြသူများမှ အထွေထွေဆွေးနွေးခြင်း၊ ကော်မတီ ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားပြီးဆုံးကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)