
စားအုန်းဆီများကို ရန်ကုန်တိုင်းဒေသကြီးရှိ ဆီကုမ္ပဏီများမှ မြိတ်ခရိုင်အပါအဝင် အခြားတိုင်းနှင့်ပြည်နယ်များသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး သတ်မှတ်ရည်ညွှန်းစျေးနှင့် သတ်မှတ်ခွဲတမ်းများဖြင့် တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ခုနှစ်၊ မတ်လ(၂၄) ရက်နေ့တွင် MOA ကုမ္ပဏီမှ ဖြန့်ခွဲရောင်းချပေးသော စားအုန်းဆီပေပါ(၆၈)သည် ယာဉ် အမှတ်(5S-9017)ဖြင့် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါစားအုန်းဆီများ ကို ၂ ရာခိုင်နှုန်းအမြတ်ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် ၎င်းတို့မှတဆင့်ပြည်သူများသို့ ရောင်းချပေးမည်ဖြစ်ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)