
စားသုံးသူရေးရာဦးစီးဌာန စားသုံးသူကာကွယ်ပေးရေး အသိပညာများ တိုးပွားရရှိစေရေး အသိပညာပေးဟောပြောပွဲ ကျင်းပရာ အခမ်းအနားကို အမှတ်၁၀ရပ်ကွက် မင်းလမ်းရှိ စက်မှုသင်တန်းသင်တန်းကျောင်းခန်းမ၌ တွင်ခုံနှင့် စက်ပစ္စည်း ပြုပြင်သော သင်တန်းသားများအား ၂၀၂၅ခုနှစ် မတ်လ ၂၁ရက်နေ့ နံနက် (၁၀) နာရီအချိန်က စုစုပေါင်းအင်အား ၄၅ ဦး အား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ သင်တန်းတာဝန်ခံမှ သင်တန်းကျောင်းမှ သင်တန်းသားများ အသိပညာ တိုးပွားရရှိစေရေးအတွက် အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ မိတ်ဆက်အမှာစကား ပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သဇင်ဦးဒု-ဦးစီးမှူးက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ရည်ရွယ်ချက်များနှင့် လုပ်ငန်းဆောင်ရွက်မှုများ အကြောင်းကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါကုန်ညွှန်းအမှတ်အသားများအကြောင်း၊ စားသုံးသူတို့ တိုင်ကြားရမည့် နည်းလမ်းများနှင့် ဖြေရှင်းဆောင်ရွက်ခဲ့သည့် တိုင်ကြားမှုဖြစ်စဉ်များကိုလည်းကောင်း ရှင်းလင်းပြီး စားသုံးသူတို့သည် အွန်လိုင်းစနစ်ဖြင့် ကုန်စည်ဝန်ဆောင်မှုများကို ဝယ်ယူရာတွင် အွန်လိုင်းမှတ်ပုံတင်ပြီးသော လုပ်ငန်းများကို စိစစ်၍ ဝယ်ယူကြရန် အကျယ်တဝင့် ရှင်းလင်းခဲ့ပြီး စားသုံးသူအခွင့်အရေးထိခိုက်နစ်နာမှု ရှိပါက စားသုံးသူပြည်သူများက မေးမြန်းစုံစမ်းလာသည့် သတင်းအချက်အလက်များကို ပြန်လည်ဖြကြားနိုင်ရန်နှင့် တိုင်ကြားမှုများကို လက်ခံနိုင်ရန်ရည်ရွယ်၍ နေပြည်တော်ရုံးချုပ်တွင် Main Site အဖြစ် Consumer Call Center ၁၅၃၅ ကို ၂၀၂၀-၂၀၂၁ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ထောင်ခဲ့သည် ဖြစ်စဉ်ကိုလည်းကောင်း၊ စားသုံးသူများအနေဖြင့် ဆက်သွယ်၍မေးမြန်း တိုင်ကြားလိုပါက Consumer Call Center ၁၅၃၅ကို ဆက်သွယ်၍ ရနိုင်ကြောင်းနှင့် ၂၀၂၁ ဇွန်လ မှ ၂၀၂၄ ဇူလိုင်လအထိ တိုင်ကြားမှုပေါင်း ၃၃၃ မှု ရှိပြီး ၃၃၀ ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းကို သင်တန်းများအား အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများက စားသုံးသူကာကွယ်ပေးရေးအကြောင်းအရာများနှင့် ပတ်သက်၍ သိရှိလိုသည့်မေးမြန်းချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)