
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဓနုဖြူမြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် (၂၂.၃.၂၀၂၄) နေ့နံနက် (၁၀:၃၀)အချိန်တွင် ဓနုဖြူမြို့နယ်ရှိ မဝေ ပဲမျိုးစုံရောင်းဝယ်ရေး လက္ကားပွဲရုံသို့ သွားရောက်၍ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲလွန်းဖြူ ဈေးနှုန်း မတ်ပဲထွက်ရှိမှု တင်ပို့မှုနှင့် ဈေးကွက် အခြေအနေများ၊ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးကို ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် မဝေပဲမျိုးစုံရောင်းဝယ်ရေး လက္ကားပွဲရုံမှတာဝန်ရှိသူနှင့် တွေ့ဆုံမေးမြန်းရာတွင် လက်ရှိမတ်ပဲတစ်တင်းကို (၉၆၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မတ်ပဲ နှင့်ကဲအမျိုးမျိုး ရိတ်သိမ်းထွက်ပေါ်နေပြီဖြစ်၍ ပဲအမျိုးမျိုး စတင်လာရောက်ရောင်းချလျှက်ရှိကြောင်း သိရှိသည်။ ပဲအမျိးမျိုးရောင်းဝယ်ရေး မှ ပဲတစ်ပျိုးကို ရန်ကုန်သို့ ၁လအတွင်း တင် ၅၀၀ခန့်စီတင်ပို့နေရကြောင်း ပြောကြားခဲ့ပါသည်။ ပွဲရုံလုပ်ငန်းရှင်အား MSMEs လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအကြောင်းကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် ဓနုဖြူမြို့နယ် ဆောင်းသီးနှံ ပဲအမျိူးမျိုး စိုက်ပျိုးရာတွင် တစ်ဧကလျှင် မတ်ပဲ ပျမ်းမျှ(၁၂-၁၅)တင်းခန့် ထွက်နိုင်ကြောင်း သိရပါသည်။
DOCA (ဧရာဝတီ)