Main menu

စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းအသိပညာပေး Talk Show ပြုလုပ်

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ဓနုဖြူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ဓနုဖြူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူးကမေးမြန်းရာ ဓနုဖြူစားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက  စားသုံးသူရေးရာဦးစီးဌာနအကြောင်း၊ စားသုံးသူအခွင့်အရေး(၈)ချက်၊ အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့ (Consumer International) မှ ထုတ်ပြန်သည့်ဆောင်ပုဒ်၊ စားသုံးသူ အခွင့်အရေးများနေ့ ဆောင်ပုဒ်နှင့် ဗဟုသုတရဖွယ်များ လုပ်ငန်းစဉ်များ ကို လည်းကောင်း၊ စားသုံးသူကာကွယ်ရေး  ဥပဒေအကြောင်း သိကောင်းစရာများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ် အခန်း(၁၁)  ကုန်စည်နှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ ဖော်ပြရမည့် အာမခံချက်များ အကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ကြသည်။

ဓနုဖြူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိ ပညာဗဟုသုတများ ရရှိစေရန်အတွက် အသိပညာပေးဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများအား ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူ့စာကြည့်တိုက် Online Facebook Page မှလည်း ကလေးများအတွက် ပုံပြင်၊ ကဗျာရွတ်၊ စာအုပ်မိတ်ဆက်၊ အစီအစဉ်များနှင့် အခြား ဗဟုသုရဖွယ်ကဏ္ဍများကိုလည်း လွှင့်တင်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)