
ဧရာဝတီ ဒေသကြီး၊ မအူပင်မြို့၊ အတွင်း အသင့်စားမုန့်အမျိုးမျိုး၊ စားသောက်ကုန်၊ အလှကုန်နှင့် လူသုံး ကုန်ပစ္စည်း များရောင်းချနေသည့် အရောင်းဆိုင်များ၌ ကုန်စည် (၁၀)မျိုးနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ် ကင်းရှင်းမှုရှိ၊ မရှိ အခြေ အနေတို့ကို ၂၄.၃.၂၀၂၅ရက်နေ့ ၈နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။
ထိုသို့ကွင်းဆင်းရာတွင် မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး နှင့်ဝန်ထမ်းများ၊ FDA၊ ပြည်သူကျန်းမာဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့မှတာဝန်ရှိသူများက အခွန်လွတ်ဈေး၊ မြို့မဈေးကြီး အပါ အဝင်၊ ရပ်ကွက်အတွင်းအရောင်းဆိုင်များတွင် အသင့်စားမုန့်အမျိုးမျိုး၊ သောက်ရေသန့် အမျိုးမျိုး၊ အချိုရည်နှင့်ယိုမျိုးစုံ၊ စည်သွပ်အစားအစာအမျိုးမျိုး၊ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည် ထုပ်ကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းအမျိုးမျိုး၊ ဆပ်ပြာခဲအမျိုးမျိုး၊ သွားတိုက် ဆေးအမျိုးမျိုး အစရှိသည့် ကုန်စည်အမျိုးအစား (၁၀)မျိုးနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ရှိ၊ မရှိအခြေအနေများ၊ ရောင်းချနေသည့် ကုန်ပစ္စည်းအမျိုးအစားများအလိုက် ကုန်အညွှန်းအမှတ် အသားများ ပါရှိမှုရှိ၊ မရှိအခြေအနေများကို ကွင်းဆင်းစစ်ဆေးကြပြီး ဈေးအတွင်းရှိ ဆိုင်ပိုင်များအား အသိပညာပေး ဆွေးနွေးခဲ့သည်။
မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အခြားဆက်စပ်ဌာနများနှင့် အတူ စားသုံးသူပြည်သူများ ဘေး အန္တရာယ် ကင်းရှင်းသည့် စားသောက်ကုန်များ ဝယ်ယူ စားသုံး နိုင်စေရေးအတွက်ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက် များအတွင်းရှိ ကုန်စုံဆိုင်များ၊ မုန့်တိုက်များ၊ သောက်ရေသန့်စက်ရုံများ၊ ခေါက်ဆွဲထုတ်လုပ်သည့် လုပ်ငန်းများ၊ အလှကုန်ပစ္စည်းအရောင်း ဆိုင်များကို လစဉ် ပုံမှန်စစ်ဆေးပေးလျက်ရှိကြောင်း၊ ကျန်ရှိသည့် ရပ်ကွက်များအတွင်း စားသောက်ကုန်နှင့် လူသုံး ကုန်ပစ္စည်းအရောင်းဆိုင်များကိုလည်း ဆက်လက် ကွင်းဆင်း စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
DOCA(ဧရာဝတီ)