Main menu

ပန်းတနော် အခြေခံစားသောက်ကုန်ဈေးနှုန်းများ တည်ငြိမ်မှု ရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျှက်ရှိ

Powered by Drupal

(၂၄.၃.၂၀၂၅) ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်က ပန်းတနော်မြို့မဈေး၊ အရှေ့ပိုင်းရပ်ကွက်ဈေး၊ အနောက် ပိုင်းရပ်ကွက်ဈေးအတွင်း/အပြင်ရှိ အခြေခံစားသောက်ကုန် ရောင်းချသော ကုန်မျိုးစုံဆိုင် (၁၈) ဆိုင်သို့ ကွင်းဆင်း သွားရောက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ဈေး၊ဈေးတန်းများရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများ ရောင်းချနေမှုအခြေအနေများကို သိရှိရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
     ကွင်းဆင်းစစ်ဆေးရာတွင် ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ ဦးအောင်ကျော်သက်သည် ပန်းတနော် မြို့နယ်တွင်း ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်ဈေးနှုန်းများ၊ သား၊ ငါး၊ ကြက်၊ ဝက်၊ ဆိတ်၊ ဈေးနှုန်းများ၊ ဟင်းသီးဟင်းရွက်ဈေးနှုန်းများကို သင့်တင့်သည့် ဈေးနှုန်းများအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချခြင်းရှိ/ မရှိ၊ ဈေးနှုန်းအတက်အကျရှိ/မရှိကို ကွင်းဆင်းမေးမြန်း၍ အပတ်စဉ် မြေပြင်အမှန် တကယ်ရောင်းချဈေးနှုန်းများကို စာရင်းကောက်ယူ၍ ခရိုင်ဦးစီးမှူးရုံးသို့ တင်ပြလျက်ရှိကြောင်း သိရသည်။

 ပန်းတနော်မြို့နယ် အတွင်းရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းမျာ’ ပုံမှန် ရောင်းဝယ်လျှက်ရှိပြီး၊ ဖေဖော်ဝါရီလနှင့် မတ်လအတွင်း အခြေခံ စားသောက်ကုန်ဈေးနှုန်း နှိုင်းယှဉ်ပါက အနည်းငယ် ၁၀၀၀-၅၀၀ အနည်းငယ်ဈေးတက်လာပြီး ရှင်ပြ၊ ရဟာန်းခံ အလှူများရှိ၍ အခြေခံ စားသောက်ကုန်များ ထွက်ရှိရာဒေသများမှလည်း နေရာဒေသအသီးသီးသို့ ဝင်ရောက်လျှက်ရှိပြီး အရောင်းအဝယ်ကောင်းမွန်လျှက်ရှိကြောင်း သိရသည်။ ကြက်သား၊ ဝက်သား၊ အမဲသား၊ ငါး စျေးနှုန်း ပုံမှန်အရောင်းအဝယ်ဖြစ်နေပြီး ဈေးနှုန်းတည်ငြိမ်လျှက်ရှိသည်။ ကုန်မျိုးစုံများ ကိုလည်း  ပွင့်လင်းရာသီဖြစ်၍ ပိုမိုရောင်းချရကြောင်းသိရပြီး၊ ဈေးရောင်းချသူလုပ်ငန်းများကို ဈေးနှုန်းအဆမတန်မြှင့်တင် ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးပြောကြားခဲ့ပြီး ဈေးနှုန်းကောက်ယူ ကွင်းဆင်းမေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)