Main menu

ပွင့်ဖြူမြို့မဈေး၌ ပလတ်စတစ်အိတ်သုံးစွဲမှုလျော့ချရေးနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံသည် (၂၄.၃.၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဈေးကော်မတီဝင်များနှင့် အတူပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်သုံးစွဲမှု လျော့နည်းစေရေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ပလတ်စတစ်အိတ်ဖြင့် ထုတ်ပိုးရောင်းချခြင်းမရှိစေရေးစစ်ဆေးခြင်းနှင့် ပလတ် စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျော်ဖက်၊ ကြာဖက်နှင့် သတင်းစာစက္ကူများ အစားထိုး သုံးစွဲ ခြင်းဖြင့်  တနင်္လာနေ့အား ကြွပ်ကြွပ်အိတ်သုံးစွဲမှု လျော့ချရေးနေ့အဖြစ် ဆောင်ရွက်ရာတွင် ပူးပေါင်း ပါဝင်ပေးကြပါရန် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ဆက်လက်၍ ပွင့်ဖြူမြို့၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသောကုန်စည်များ၊ သက်တမ်းလွန်နှင့်မှိုတက်နေသော ကုန်စည်များ၊ ကုန်အညွှန်း အမှတ်အသားဆိုင်ရာ  သတ်မှတ်ချက်များ ပြည့်စုံမှန်ကန်စွာဖော်ပြမထားသော ကုန်စည်များ ရောင်းချမှုမရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(မကွေး)