Main menu

ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေး

Powered by Drupal

              ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်းရှိ အများပြည်သူတို့အနေဖြင့် စားသုံးသူရေးရာကိစ္စရပ်များအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရေး ရည်ရွယ်၍ စားသုံးသူအသိပညာပေး ဆွေးနွေးဟောပြောပွဲများအား ကျင်းပပြုလုပ်လျက်ရှိရာ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် သပြေတောင်အုပ်စု၊ သပြေတောင်ကျေးရွာတွင် ဇွန်လ (၆) ရက်နေ့ မွန်းလွဲပိုင်းတွင်လည်းကောင်း၊ ရွာရှည်အုပ်စု၊ ရွာရှည်ကျေးရွာတွင် ဇွန်လ (၈) ရက်နေ့ နံနက်ပိုင်းတွင် လည်းကောင်း၊ အနောက်ကြို့ကုန်းအုပ်စု၊ အနောက်ကြို့ကုန်းကျေးရွာတွင် ဇွန်လ (၉) ရက်နေ့ မွန်းလွဲပိုင်းတွင်လည်းကောင်း၊ မိတ်ဖက်ဌာနဆိုင်ရာများ ပူးပေါင်း၍ စားသုံးသူအသိပညာပေး ဆွေးနွေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ ဆွေးနွေးဟောပြောပွဲတွင် ပေါက်ခေါင်းမြို့နယ်တာဝန်ခံမှ စားသုံးသူတို့၏ အခွင့် အရေးများ၊ လိုက်နာရမည့်တာဝန်များနှင့် ထိခိုက်နစ်နာမှုများရှိပါက တိုင်ကြားနိုင်မှုနည်းလမ်းများ၊ ပြစ်မှုပြစ်ဒဏ်တို့အကြောင်းအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး ဆွေးနွေး ဟောပြောပွဲများသို့ ကျေးရွာနေပြည်သူ (၈၇) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)