
မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် အမည်စာရင်းတင်သွင်းမှုအောင်မြင်နိုင်ရေးအတွက် မြန်မာ့သနပ်ခါးယဉ်ကျေးမှု ဓလေ့များနှင့်ပတ်သက်၍ စားသုံးသူပြည်သူများသိရှိနိုင်ရေးအတွက် အသိပညာပေးဟောပြော ဆွေးနွေးခြင်းနှင့် နံရံကပ်စာစောင်များ ဖတ်ရှုခြင်းအား မတ်လ ၂၁ ရက် နံနက် ၈ နာရီခွဲ အချိန် တွင် တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ မြို့သစ်ရပ်ကွက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအသိပညာပေး ဆွေးနွေးဟောပြောပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်ဇာခြည်စိမ့်မှ ဦးဆောင်၍ မြန်မာ့သနပ်ခါး ယဉ်ကျေးမှု ဓလေ့ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အရင်းအမြစ် ဖြစ်စေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း အသိပညာပေးပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းမှ မြန်မာ့သနပ်ခါး၏ အသုံးဝင်ပုံနှင့် အသုံးပြုပုံများအကြောင်း၊ မြန်မာ့သနပ်ခါး၏ အကျိုးကျေးဇူးများနှင့်ပတ်သက်သည့် အကြောင်း အရာများ၊ မြန်မာ့သနပ်ခါးအလှကုန်ပစ္စည်းများ ပြည်တွင်းဖြစ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာ တွင် ထုတ်လုပ်သူ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သုံးစွဲသူစားသုံးသူပြည်သူများ ဘေး အန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် သက်ဆိုင်ရာ ဌာနများ၏ ခွင့်ပြုချက်များ သက်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည်စုံအောင် ဖော်ပြကြရန်နှင့် သုံးစွဲသူပြည်သူများအနေဖြင့်လည်း သတ်မှတ်ထားသော ကုန်အညွှန်း အမှတ်အသားများ ပြည်စုံအောင် ဖော်ပြပါရှိသော အလှကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူ သုံးစွဲကြရန် စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသော ကော့မှူးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြန်မာ့သနပ်ခါးနှင့် ပတ်သက်သည့် နံရံကပ်စာစောင်များအား ဖတ်ရှုလေ့လာခဲ့ပြီး သနပ်ခါး လိမ်းခြယ်နေကြသော ဒေသခံပြည်သူများအား တာဝန်ရှိသူများကိုယ်တိုင်ဝင်ရောက် သနပ်ခါး လိမ်းခြယ်ပေးခဲ့ကြကြောင်းသိရသည်။
DOCA(ရန်ကုန်)