
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ဈေးကွက်အတွင်းရှိ ကလေး ကစားစရာပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိကို မတ်လ ၂၁ ရက်၊ နံနက် ၁၀ နာရီခွဲအချိန်တွင် ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ကလေးကစားစရာပစ္စည်းအမျိုးမျိုးကို ဖြန့်ဖြူး ရောင်းချလျက်ရှိသော ဈေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စည်ပင်သာယာမြို့မဈေး၊ တာဝန်ခံ ဦးအေးသွင် နှင့် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့သည် စည်ပင်သာယာ မြို့မဈေး(တိုးချဲ့) (၇) ဒေါ်ကြည်အေး ကလေးကစားစရာပစ္စည်းဆိုင်နှင့် မကျီးတန်းရပ်ကွက်ရှိ တော်ဝင်စတိုးဆိုင်များတွင် ကော်ဖြင့်ပြုလုပ်ထားသော ပြည်တွင်းဖြစ် ကလေးကစားစရာ ပစ္စည်းများဖြစ်ကြသော ကော်ကားအမျိုးမျိုး၊ ကော်ဘိုမအရုပ်အမျိုးမျိုး၊ ကော်ဘောလုံးအမျိုးမျိုး စသည့်ကလေးကစားစရာအရုပ်များတွင် ကုန်အညွှန်းအမှတ်အသားဖော် ပြပါရှိရမည့်အချက်များ အား မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသည်ကို စိစစ်တွေ့ရှိခဲ့ပြီး အခြားကလေး ကစားစရာအရုပ်များကိုလည်း ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မဖြစ်မနေ ဖော်ပြပါရှိရမည့်အချက်များပါရှိခြင်း ရှိ/မရှိနှင့် နောက်နောင်တွင် မိမိတို့အနေဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိသော ကလေး ကစားစရာပစ္စည်းအမျိုးမျိုးတို့ကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချပေးကြရန် စားသုံးသူ ကာကွယ် ရေးအသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
DOCA(ရန်ကုန်)