
ခရမ်းမြို့နယ်၊ မတ်လ (၂၅) ရက်
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ အောင်ရတနာဆီစက်တွင် ကြိတ်ခွဲထုတ်လုပ်သော အောင်ရတနာဆီစက် တံဆိပ်ပါမြေပဲဆီသန့် ဗူးဆီများအား ပြည်တွင်း ဆီစက်များ၏ အကြိုဈေး ရောင်းပွဲတော်တွင် ခင်းကျင်းပြသနိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်နေခြင်းကို စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံသည် မတ်လ(၂၄) ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် သွားရောက်၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး အားပေးခဲ့ကြောင်း သိရသည်။
ထိုဈေးရောင်းပွဲတော်သည် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းကကြီးမှူး၍ ပြည်တွင်း ဆီဖူလုံမှု ကိုဖော်ဆောင်သည့် အနေဖြင့် ပြည်တွင်းဆီစက်များ၏ မြန်မာ့ရိုးရာသင်္ကြန်အကြို ဈေးရောင်းပွဲတော်ကို (၂၀၂၅)ခုနှစ်၊ ဧပြီလ(၂)ရက်နေ့မှ (၅)ရက်နေ့အထိ ရန်ကုန်မြို့ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်း (UMFCCI)ရှေ့နှင့် ရန်ကင်းမြို့နယ်၊ ရန်ရှင်းလမ်း (Sky Suites Condo) ရှေ့တွင် (၄)ရက်ကြာ ကျင်းပမည် ဖြစ်ပြီး ဈေးပွဲတော်တွင် ခရမ်းမြို့ဒေသထွက် မြေပဲများအား မြို့နယ်အတွင်းရှိ အောင်ရတနာဆီစက်မှ ကြိတ်ခွဲ ထုတ်လုပ်သော မြေပဲဆီသန့်ဗူးများ ခင်းကျင်းပြသနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အောင်ရတနာဆီ စက်တံဆိပ် မြေပဲဆီသန့်ဗူးဆီသည် (FDA)အသိမှတ်ပြု လက်မှတ်ရရှိထားသော မြေပဲဆီဖြစ်ကြောင်း သိရပြီး မြို့နယ်တာဝန်ခံက ဗူးဆီများတွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည်စုံ မှန်ကန်မှုရှိ/မရှိအား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
DOCA(ရန်ကုန်)