Main menu

လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ပဲခူးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော ယာဉ်များအား ရပ်တန့်စစ်ဆေးခြင်း

Powered by Drupal

၂၂.၃.၂၀၂၅ ရက်နေ့ နေ့လည်(၁၂:၄၅)နာရီအချိန်တွင် လှည်းကူးခရိုင်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဌ ယာယီဒုတိယရဲမှူးကြီးညီညီထွေး ဦးဆောင်၍ အထွေထွေအုပ်ချုပ် ရေးမှူးဦးစီးဌာန၊ ဒုခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးထင်ကျော်၊ စားသုံးသူရေးရာဦးစီးဌာန၊ အထူးအဖွဲ့ဝင် အတွင်းရေးမှူး ဦးအောင်တင်စိုး၊ အကောက်ခွန်ဦးစီးဌာနမှ လ/ထညွှန်ကြားရေးမှူး ဦးအောင်မျိုးသန့်တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရန်ကုန်-ပဲခူးလမ်းမကြီး ပဲခူးဘက်မှ ရန်ကုန်ဘက် သို့ မောင်းနှင်လာသော ယာဉ်များအား ရပ်တန့်စစ်ဆေးခဲ့ပါသည်။

ထိုသို့ စစ်ဆေးရာတွင် ကော့သောင်း-မြိတ်-ထားဝယ်-ရေး-မော်လမြိုင်-‌ဝေါ-ဘုရားကြီး-ပဲခူး- ရန်ကုန်ကားလမ်းမတိုင်း မောင်းနှင်လာသော ယာဉ်များအား တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင် လာခြင်းရှိ/မရှိနှင့် အကောက်ခွန်ဦးစီးဌာန၏ သွင်းကုန်ကြေညာလွှာပါ အချက်အလက်များနှင့် ကိုက်ညီမှုရှိ/မရှိကို ရပ်တန့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)