
၂၂.၃.၂၀၂၅ ရက်နေ့ နေ့လည်(၁၄:၅၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် လက်ဖက်ခြောက်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ စစ်ဆေးခဲ့ရာတွင် သန့်စင်စတိုးမှ အရောင်းတာဝန်ခံ ဒေါ်သူဇာဦးမှ ပူးပေါင်း ပါဝင်လျက် လက်ဖက်ခြောက်အရောင်းကောင်တာတွင် နဂါးပျံအဆင့်မြင့်လက်ဖက်ခြောက်၊ Mother Love လက်ဖက်အလှော်ခြောက်၊ စိုးဝင်း(လက်ဖက်ခြောက်/အချိုခြောက်)၊ ရှမ်းကြီး (ကောက်ညှင်းမွှေး၊ ရွှေဖီမိုးလွတ်)၊ ဒို့ဓလေ့၊အလှူ့အမ(Green Tea)၊ ကြံတိုင်းအောင်(ပင်းတယ လက်ဖက်ခြောက်)တို့တွင်ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များ ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ ဌာနမှလည်း ယခုကဲ့သို့ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော ပစ္စည်းများကိုသာ ရောင်းချရန် နှင့် စီးပွားရေးလုပ်ငန်းရှင် လိုက်နာရမည့်အချက်များအား လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြား ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)