
၂၂.၃.၂၀၂၅ ရက်နေ့ နေ့လည်(၁၅:၁၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အင်းစိန်မြို့နယ်အတွင်းရှိ သန့်စင်စတိုး၌ မုန့်အမျိုးမျိုးတွင်ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း များ ဆောင်ရွက်ခဲ့ ပါသည်။
ထိုသို့ စစ်ဆေးခဲ့ရာတွင် သန့်စင်စတိုးမှ အရောင်းတာဝန်ခံ ဒေါ်သူဇာဦးမှ ပူးပေါင်း ပါဝင်လျက် PUCCI၊ Champion (ဆားလားပေါင်မုန့်၊ ရွှေချောင်းပေါင်မုန့်)၊ ရွှေနဒီ၊ Sunny၊ Skylar၊ May San ၊ Good Morning တို့တွင် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များပြည့်စုံစွာပါရှိ ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
DOCA(ရန်ကုန်)