Main menu

အင်းစိန်မြို့နယ်စက်သုံးဆီဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

၂၄.၃.၂၀၂၅ ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အင်းစိန်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက် ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်-အင်းစိန်လမ်းမကြီးပေါ်ရှိ Nilar Yoma ဆိုင်သို့ ကွင်းဆင်း စစ်ဆေးခဲ့ရာ စက်သုံးဆီများပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း များမပြုရန်၊ စက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးလုပ်ငန်းကြီးကြပ်ကော်မတီမှ သတ်မှတ် ထုတ်ပြန်ထားသော ရည်ညွှန်းဈေးများအတိုင်း ရောင်းချခြင်းရှိ/မရှိနှင့် တရားမဝင်ဖြန့်ဖြူး ရောင်းချခြင်းများရှိ/မရှိကို စစ်ဆေးခဲ့ရာ စက်သုံးဆီများလည်းပြတ်လပ်မှုမရှိပါကြောင်း၊ သတ်မှတ်ဈေးနှုန်းဖြင့်လည်း ရောင်းချ ပါကြောင်း၊ တရားမဝင်ဖြန့်ဖြူးရောင်းချခြင်းများလည်း မရှိပါကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာန မှလည်း သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်း၊ သိုလှောင်ထားခြင်းများမပြုကြရန်နှင့် စီးပွားရေး လုပ်ငန်းရှင်လိုက်နာရမည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်သွားကြရန် ဆွေးနွေးပြော ကြားခဲ့ပါသည်။

DOCA(ရန်ကုန်)