Main menu

ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အမှတ်(၂၇၉)၊ ဦးတရုတ်လမ်း၊  ရွှေလင်ပန်းစက်မှုဇုန်၊ လှိုင်သာယာမြို့နယ်(အရှေ့ပိုင်း)ရှိ စိန်၊ ငွေ၊ မြ ကြက်အူချောင်း /ဝက်အူချောင်းစက်ရုံသို့ (၂၂.၃.၂၀၂၅)ရက်နေ့ နံနက်(၁၂:၃၀)အချိန်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ပါသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာတွင်မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ အကြီးတန်းစာရေး ဦးလင်းလင်းဦးမှ ပူးပေါင်းပါဝင်လျက် ရောင်းချလျက်ရှိသော စိန်၊ ငွေ၊ မြအမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သော ကြက်အူချောင်း/ဝက်အူချောင်းများမှာ CP၊ ကြက်အူချောင်း၊ ဝက်အူချောင်း၊ ကြက် သားလုံး၊ ဝက်သားလုံး၊ အသားပြားတို့ဖြစ်ပြီး ကုန်ပစ္စည်းအားလုံးတွင် စားသုံးသူ ကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာအချက်များနှင့်ကိုက်ညီမှုရှိခြင်း သက်ဆိုင်ရာဌာနတို့၏ ခွင့်ပြုထောက်ခံချက် အမှတ်များလည်း ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်ကိုလည်း စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များကို ပြောကြာခဲ့ကြောင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)