
၂၂.၃.၂၀၂၅ ရက်နေ့ နေ့လည်(၁၃:၂၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဒုဦးစီးမှူးပါ (၃)ဦးတို့သည် အမှတ်(၂၈၉)၊ မက္ခရာမင်းသားလမ်း၊ ရွှေလင်ပန်းစက်မှုဇုန်၊ လှိုင်သာယာမြို့နယ်(အရှေ့ပိုင်း)ရှိ ရွှေစားသောက် ကုန်စက်ရုံသို့ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်
ထိုသို့ ဆောင်ရွက်ရာတွင် ရွှေစားသောက်ကုန်လုပ်ငန်းမှ တာဝန်ခံ ဒေါ်ညိုမီဝင်းနှင့် မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဦးလင်းလင်းဦး၊ အကြီးတန်းစာရေး(၂)ဦးတို့မှ ပူးပေါင်းပါဝင် လျက် ရွှေစားသောက်ကုန်လုပ်ငန်းမှထုတ်လုပ်သော ရွှေငါးမုန့်အစိမ်း၊ အသင့်စားငါးမုန့်အကြွပ်ကြော်တို့တွင် စားသုံးသူကာကွယ်ရေးအခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ(၄၃)အရ၊ ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး စီးပွားရေးလုပ်ငန်းရှင်အား ယခု ကဲ့သို့ ကုန်ပစ္စည်းများထုတ်လုပ်ရောင်းချရန် ပြောကြားခဲ့ကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရ ပါသည်။
DOCA(ရန်ကုန်)