Main menu

ရွှေစားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းသို့ ကွင်းဆင်းလေ့လာ

Powered by Drupal

၂၂.၃.၂၀၂၅ ရက်နေ့ နေ့လည်(၁၅:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အမှတ်(၂၈၉) မက္ခရာမင်းသားကြီးလမ်း၊ ရွှေလင်ပန်းစက်မှုဇုန်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ရွှေစားသောက်ကုန်စက်ရုံ လုပ်ငန်းရှင်ထံ ကွင်းဆင်းသွားရောက် တွေ့ဆုံပြီး လုပ်ငန်းရှင်၏ကြုံတွေ့နေရသည့်အခြေအနေ၊ အခက်အခဲ၊ လိုအပ်ချက်နှင့်ထုတ်လုပ် ဖြန့်ဖြူးရောင်းချမှုအား တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

မန်နေဂျာဖြစ်သူက ရွှေစားသောက်ကုန်မှ ထုတ်လုပ်သော အမှတ်တံဆိပ်များမှာ ရွှေငါးမုန့် အစိမ်း၊ အသင့်စားငါးမုန့်အကြွပ်ကြော်တံဆိပ်များဖြင့် ထုတ်လုပ်လျက်ရှိပြီး တစ်ရက်ထုတ်လုပ်မှုမှာ အသင့်စားငါးမုန့်အကြွပ်ကြော်တံဆိပ်များမှာ တစ်ပါကင်လျှင် (၂၀)ထုပ်ပါ အထုပ်ကြီး(၁၀၀) မှ (၁၂၀) အတွင်းနှင့် ငါးမုန့်အစိမ်းတစ်ပါကင် (၃၆)ထုပ်ပါ အထုပ်ကြီး (၅ မှ ၇)အတွင်း ထုတ်လုပ်လျက်ရှိပြီး ပြည်တွင်းအနှံ့အပြားတွင်ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း၊ ဝန်ထမ်းအင်အားမှာ ကျား(၇၀)၊ မ (၁၃၀) စုစုပေါင်း (၂၀၀)ဦးဖြင့် လုပ်ငန်းအဆက်မပြတ် လုပ်ကိုင်နေပြီး မိမိတို့လုပ်ငန်းကို မှီခိုလုပ်ကိုင်နေ သောဝန်ထမ်းများလည်း စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)