
၂၂.၃.၂၀၂၅ ရက်နေ့ နေ့လည်(၁၂:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဒုဦးစီးမှူးပါ (၃)ဦးတို့သည် အမှတ်(၂၇၉)၊ ဦးတရုတ်လမ်း၊ ရွှေလင်ပန်း စက်မှုဇုန်၊ လှိုင်သာယာမြို့နယ်(အရှေ့ပိုင်း)ရှိ စိန်၊ ငွေ၊ မြကြက်အူချောင်း/ ဝက်အူ ချောင်းစက်ရုံသို့ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြော ဆွေးနွေးပွဲ ကျင်းပခဲ့ ပါသည်။
ထိုသို့ဆွေးနွေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဦးလင်းလင်းဦး၊ အကြီး တန်းစာရေး၊ ကြက်အူချောင်း/ဝက်အူချောင်းစက်ရုံမှ မန်နေဂျာ ဦးဘုန်းကျော်ကျော်တို့ပါ (၈)ဦးတို့ တက်ရောက်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ခိုင်ရွှေ၊ ဒုကြီးကြပ်ရေးမှူးက စားသုံးသူကာကွယ် ရေးဥပဒေပါ အခန်း(၁၈)တွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာအချက်များ ပုဒ်မ (၆၇)အရ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ထုတ်လုပ် ခြင်း၊ ကုန်သွယ်ခြင်း(သို့မဟုတ်) ရောင်းချခြင်းမပြုလုပ်ရသည့် အချက်များ၊ ပုဒ်မ (၆၈)တွင် ပုဒ်မ (၄၃)ပါ ပြဌာန်းချက်များနှင့် ကိုက်ညီ မှုမရှိသော ကုန်စည်များကို ရောင်းချခြင်းမပြုရန်နှင့် ပုဒ်မ (၇၃)အရ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထောင်ဒဏ်၊ ငွေဒဏ်များ ချမှတ်နိုင် ကြောင်း ဆွေးနွေးဟောပြောခဲ့ပြီး ဆွေးနွေးပွဲသို့ (၈)ဦးတက်ရောက်ခဲ့ပြီး (၁၂:၂၀)အချိန်တွင် ရုပ်သိမ်း ခဲ့ပါသည်။
DOCA(ရန်ကုန်)