Main menu

“စိန်”ပဲကြော်လုပ်ငန်းသို့ ကွင်းဆင်းလေ့လာ

Powered by Drupal

၂၄.၃.၂၀၂၅ ရက်နေ့ နေ့လည်(၂:၃၀)အချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ မှော်ဘီ မြို့နယ်ခွဲတာဝန်ခံ ဦးဇော်မျိုးထွန်း၊ ဦးစီးမှူးသည် ဖန်းခါးကုန်းကျေးရွာရှိ “စိန်”ပဲကြော်လုပ်ငန်း သို့ ပဲကြော်လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်အား ကွင်းဆင်းမေးမြန်းခဲ့ပါသည်။

            "စိန်"ပဲကြော်လုပ်ငန်းရှင် ဦးတင်အောင်အား ၂၀၀၂ ခုနှစ်လောက်ကတည်းက ယခုလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့ပါကြောင်း၊ ပဲကြော်လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်ကို မေးမြန်းရာ မိမိအနေဖြင့် အကြော်စက်ကြီး(၂)လုံးဖြင့် ကုလားပဲကို အဓိကကြော်ပါကြောင်း၊ "စိန်" ပဲကြော်အမှတ်တံဆိပ် ရောင်းပြီး တစ်နေ့လျှင် ပဲကြော်ထုပ် (၁၀)ခုပါ (၂၅၀)ထုပ် ကြော်ရပြီး လုပ်သားများအနေဖြင့် အလုပ် အကိုင်အခွင့်အလမ်းများ ရှိနိုင်ပါကြောင်း၊ မိမိလုပ်ငန်းတွင် လုပ်သား(၆)ဦး၊ လုပ်အားခအနေဖြင့် တစ်နေ့လျှင်(၈၀၀၀)ကျပ်ပေးပါကြောင်း၊ ယခုအချိန်ထိလုပ်ငန်းလည်ပတ်နေပါကြောင်း လုပ်ငန်းရှင် ၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(ရန်ကုန်)