
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (စစ်ဆေး ရေးအရာရှိ) ဦးဆောင်၍ ဝန်ထမ်း (၂)ဦးသည် ဗိုလ်တထောင်ခရိုင် ဘိုကလေးဈေး စည်ပင်သာ ယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၅.၃.၂၀၂၅ ရက်နေ့ နေ့လယ် (၁၂:၀၀) နာရီအချိန် တွင် ဈေးအတွင်းရှိ စားသောက်ကုန်မျိုးစုံအရောင်းဆိုင်တို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ စားသောက်ကုန်မျိုးစုံအရောင်းဆိုင်တို့ရှိ အသင့်စားခေါက်ဆွဲထုပ်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ကုန်အညွှန်းအမှတ်အသား စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပါဝင်မှုရှိ / မရှိ တို့ကို ဈေးကွက်စောင့်ကြည့် စစ် ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)