Main menu

မြေဆီဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်

Powered by Drupal

၂၄.၃.၂၀၂၅ ရက်နေ့ နေ့လည်(၁၄:၀၀)အချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တိုက်ကြီး မြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေး၊ ရုံးအုပ်သည် ဓါတ်မြေဩဇာအမျိုးအစားတို့အား ဝယ်ယူသုံးစွဲရာတွင် ဈေးကွက်အတွင်းပစ္စည်းပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ မပြုလုပ် ရန် ရည်ရွယ်၍ စိုက်ပျိုးရေးဆေးမျိုးစေ့နှင့် ဓါတ်မြေဩဇာ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊ သမဝါယမဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဖွံ့ဖြိုးရေးဌာနနှင့် စားသုံးသူ ရေးရာဦးစီးဌာနတို့ ပူးပေါင်းပါဝင်သော အဖွဲ့များသည် တိုက်ကြီးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး ဆေးမျိုးစေ့နှင့် ဓါတ်မြေ ဩဇာအရောင်းဆိုင်သို့ ရှောင်တခင်ဝင်ရောက် ကွင်းဆင်းစစ်ဆေးခဲ့ရာ ဓါတ်မြေဩဇာဆိုင်များတွင် ပစ္စည်းများပြတ်လပ်မှုမရှိပါကြောင်းနှင့် သတ်မှတ်ရည်ညွှန်းဈေးနှင့် အညီ ရောင်းချလျက်ရှိပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိပါကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)