
၂၀၂၅ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့၊ နေ့လည် (၁၀:၀၀) နာရီအချိန်တွင် တာချီလိတ်မြို့နယ် တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးဦးမြင့်နောင်(ဦးစီးမှူး)သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာရေးဌာနတို့နှင့်ပူးပေါင်း၍ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်နှင့် မကာဟိုခမ်း ရပ်ကွက်အတွင်းရှိဆန်ဆိုင်များတွင် ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက်ကျန်အခြေအနေနှင့် သင့်တင့် မျှတသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေးအတွက် လက်ရှိဖြစ်ပေါ်နေသည့် ဆန်ဈေးကွက်အခြေ အနေများအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် တာချီလိတ်မြို့၊ ဝမ်ကောင်းရပ် ကွက်နှင့် မကာဟိုခမ်းရပ်ကွက်အတွင်းရှိ ဆန်ဆိုင်များတွင် ဧည့်မထဆန်နှင့်ပေါ်ဆန်းမွှေးများကို အဓိကရောင်းဝယ်မှုပြုကြ သည်ကိုတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးများနှင့်တာဝန်ရှိသူ များသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန် ထားသော ဆန်တန်ချိန်(၂၅)တန်နှင့်အထက်သိုလှောင်ရုံပိုင်ရှင်များအနေဖြင့် MyRoတွင် မှတ်ပုံတင် ပြုလုပ်ကြရန်နှင့် ဆန်ဆိုင်ပိုင်ရှင်များအား သင့်တင့်မျှတသောဈေးနှုန်းများဖြင့်ရောင်းဝယ်မှု ပြုလုပ်ကြရန်၊ မသမာသောနည်းလမ်းဖြင့် ဈေးကစားရန်အလို့ငှာသိုလှောင်ခြင်းများ မပြုလုပ်ကြ ရန် အသိပညာပေးကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
DOCA(ရှမ်း)